Loading

MYANRUN.com

info@myanrun.com
No.68, Htan Ta Pin Street, Kamaryut, Yangon, Myanmar
Registration Open

Bagan Marathon 2026

Bagan

Event Details

" ပုဂံ ဆိုတာ မြန်မာရဲ့ အသည်းနှလုံး... မြန်မာမှန်ရင် ပုဂံတော့ ရောက်ဖူးရမယ်" ဆိုတဲ့အတိုင်း ရှေးဟောင်း စေတီပုထိုး ၂၀၀၀ ကျော် ကြားထဲမှာ နံနက်ခင်း လေပြေအေးကို ရှူရှိုက်ရင်း ပြေးလွှားရတဲ့ ခံစားချက်ကို သင်ကြုံဖူးပါသလား။ ပုဂံရဲ့ မနက်ခင်း တိမ်ပန်းချီအလှနဲ့ ပျံလွင့်လာတဲ့ မိုးပျံဘောလုံးတွေကို နောက်ခံထားပြီး အမှတ်တရ ဓာတ်ပုံလှလှလေးတွေ ရိုက်ကူးချင်ရင်တော့ ဒီပွဲက သင့်အတွက်ပါပဲ။ ပြေးလမ်းတိုင်းမှာ သမိုင်းဝင်အလှအပတွေက ကြိုဆိုနေမှာဖြစ်သလို၊ ခြေလှမ်းတိုင်းမှာလည်း သင့်ရဲ့ စိတ်ဓာတ်နဲ့ ခွန်အားတွေကို အကောင်းဆုံး သက်သေပြနိုင်မှာပါ။ ဆုတံဆိပ်တစ်ခုထက် ပိုမို အဓိပ္ပာယ်ရှိတဲ့ အမှတ်တရတွေကို အတူတူ ဖန်တီးလိုက်ရအောင်။ ✨ ပုဂံရဲ့ အလှအပကို ခံစားမယ် ✨ ကိုယ်တိုင်ရဲ့ စံချိန်ကို ကျော်ဖြတ်မယ် ✨ ကျန်းမာရေးနဲ့ စိန်ခေါ်မှုကို ဖန်တီးမယ် ထနောင်းရိပ် တန်းတန်းနဲ့ မကျီးရွက်နုနုတို့ ဝေဆာရာ မင်းနန်သူရွာလေးကို ငေးမောရင်း၊ စာပေ အနုပညာနဲ့ ယဉ်ကျေးမှုတို့ အထွန်းကားဆုံး ဖြစ်ခဲ့တဲ့ လှပလွန်းသော အတိတ်၏ အနုပညာရုပ်ပုံလွှာတွေရှိရာ ပုဂံမြေမှာ အပြေးမိတ်ဆွေများနဲ့ အတူပြေးနေခြင်းသည်လည်း ဆုလဒ်တစ်ခုပင်ဖြစ်ပါသည်။


Race Categories
10KM 150,000 MMK Foreigner: 150,000 MMK
21KM 170,000 MMK Foreigner: 170,000 MMK
42KM 190,000 MMK Foreigner: 190,000 MMK
Event Highlight Video
No video available for this event.
Starting From 15,000 MMK
Join Now